“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော် ကျင်းပရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသို့ Inner Mongolia Kincaid Industrial Group မှ အလှူငွေပေးအပ်

နေပြည်တော် ၂၆ ဒီဇင်ဘာ 

 

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ကျင်းပရေးအတွက် မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်းသို့ အလှူငွေ ငွေကျပ်သိန်းနှစ်ထောင် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင် နာယက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင် Inner Monogolia Kincaid Industrial Group မှ Mr. Zhang rui နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယခုကျင်းပမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး ဝိုင်းဝန်းပံ့ပိုးကူညီ ပေးသောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က  “သွေးချင်းတို့၏ ပွဲတော်ဆီ” ပွဲတော် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး  Inner Monogolia Kincaid Industrial Group မှ Mr. Zhang rui က ပွဲတော်ကျင်းပရေးအတွက် အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ Mr.Zhang rui နှင့် Mr. Aimin တို့က အလှူငွေ ငွေကျပ် သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန်းက ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် Inner Monogolia Kincaid Industrial Group တို့က ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

(သတင်းစဉ်)