သီပေါမြို့နယ်တွင် အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

သီပေါ  ၁၄  ဇန်နဝါရီ

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ရွှေသီပေါ စိတ်တူကိုယ်တူရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

25650.

 

အဆိုပါ အခြေခံအပ်ချုပ်စက် သင်တန်းကို ရက်ပေါင်း ၃၀ ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သီပေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၂၀  တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများ၏ ကိုယ်တိုင်ချုပ်လက်ရာ ဝတ်စုံများဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

 

အဆိုပါ အခြေခံအပ်ချုပ်စက် သင်တန်းကို ကျေးလက်နေပြည်သူများ မိသားစုအတွင်း ဝင်ငွေရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ခင်နီလာစိုး(ပြန်/ဆက်)