သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၆ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာအနီး မူဆယ်-မန္တလေးကားလမ်းတွင် စံအေး(ခ)အိုက်ပီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၉၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ မြန်မာငွေကျပ် ၆၉၀၀၀၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စံအေး(ခ)အိုက်ပီး (၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား