သဇင် FM မှ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် ဒီဇင်ဘာ ၂၀

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင်FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ်မှ “CDM ခေါင်းစဉ်အောက်က ဘဝအာမခံချက်ပျောက်ဆုံး နေကြသူများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 

အလားတူ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင်လည်း “ပြည်သူအပေါ် မဟုတ်မမှန် ဝါဒဖြန့် သွေးထိုးလှုံ့ဆော်နေသော ပြည်ဖျက်မီဒီယာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည်ဖြစ်ရာ  ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ် အကိုင်နှင့် ပြန်လည်ဆက်သွယ်ရ မည့်ဖုန်းနံပါတ် တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ် ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များ ကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)