သက်တမ်းလွန်ဆေးပစ္စည်းများ ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

တန့်ဆည် ၁၈ ဇန်နဝါရီ


ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရန်ရည်ရွယ်၍ တန့်ဆည်မြို့ စည်ပင်သာယာဈေး၊ အမှတ် (၁) နှင့် အမှတ်(၂)ဈေးအတွင်းရှိ ဆေးဆိုင်များ၊ စိုက်ပျိုးရေးဆေးဆိုင်များကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီအချိန် မြို့နယ်တာဝန်ရှိသူများက ရှောင်တခင်ကြည့်ရှုစ်စစ်ဆေးခဲ့သည်။


စစ်ဆေးရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်ထားရည်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့တွင်းရှိ ဆေးဆိုင်များ၊ စိုက်ပျိုးရေး ဆေးဆိုင်များတွင် သက်တမ်းလွန် လူသုံးကုန်ဆေးပစ္စည်းများ၊ လယ်ယာသုံးစိုက်ပျိုးရေးဆေးပစ္စည်းများ ရောင်းချမှုမရှိစေရေးစစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ညိုထွန်း