သံဖြူဇရပ်မြို့နယ်တွင်  သံဃာတော်များ ၊ သီလရှင်များ ၊ အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တတိယနေ့ဆက်လက်ထိုးနှံ

သံဖြူဇရပ် စက်တင်ဘာ   ၁၇

           

မွန်ပြည်နယ် ၊  မော်လမြိုင်ခရိုင် ၊    သံဖြူဇရပ်မြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို   စက်တင်ဘာ(၁၇) ရက်   နံနက် ၉ နာရီမှ စတင်ကာ တတိယနေ့အဖြစ် သံဖြူဇရပ် မြို့နယ်အတွင်းရှိ   သတ်မှတ်ထားသော   ဆေးထိုးစုရပ် ( ၇ ) နေရာ ဖြစ်သော   အ.ထ.က( ၁ ) သံဖြူဇရပ် ၊ ကျိုက္ခမီ ( ကဇာတ်ရုံ ) အ.ထ.က ကျုံကဒါတ် ၊ အနင်းတိုက်နယ်ဆေးရုံ ၊  ထင်းရှူးတိုက်နယ်ဆေးရုံ နှင့်ဝဲခမိတိုက်နယ်ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိသည်။

           

သံဖြူဇရပ်မြို့နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး   အလုံးရေ ( ၅၀၀၀ ) ၊ ပြည်သူ ( ၂၅၀၀၀)  ခန့်ကို   ထိုးနှံရန်လျာထားကြောင်း သံဃာတော်များ ၊  သီလရှင်များ ၊ အသက်(၆၅)နှစ်   နှင့်  အထက်     ဆေးထိုးရန်ကျန်ရှိသူများ၊ အသက် ၅၅နှစ် နှင့် ၆၅ နှစ်အကြား ပြည်သူများ ၊   သတ်မှတ်အစီအစဉ်အတိုင်း ထိုးနှံပေးရာ စက်တင်ဘာလ ၁၆ ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၄၆၂၅ ) ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။

           

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံပေးကြပြီး သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ကြီးကြပ်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်   လူမှုရေးအသင်းအဖွဲ့တို့က   ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြို့နယ်ပြန်/ဆက်