သံတောင်ကြီးမြို့ နော်ဘူဘောဆုတောင်းတောင်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

သံတောင်ကြီး ၁၂ နိုဝင်ဘာ  

 

သံတောင်ကြီးမြို့ အထင်ကရနေရာတစ်ခုဖြစ်သည့် နော်ဘူဘောဆုတောင်းတောင်သည် အမြင့်ပေ(4824)ရှိပြီး တောင်ခြေမှ တောင်ပေါ်တက်ရာတွင် လှေကားထစ် အရှည်(560)ပေ ရှိသည်။ တောင်ငူမှ သံတောင်ကြီးမြို့ နော်ဘူဘောဆုတောင်းတောင်အထိ မိုင်(၃၀)ရှိသည်။

 

ယခု တန်ဆောင်တိုင်ရုံးပိတ်ကာလဖြစ်သည့် နိုဝင်ဘာ ရက်မှ ၁၂ ရက်အထိ အနယ်နယ်ရပ်ရပ်ရှိ ပြည်တွင်းပြည်ပမှ လာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။

 

"တန်ဆောင်တိုင် ရုံးပိတ်ရက်သာမက ကျန်တဲ့ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်တဲ့သူ များပါတယ်။ ပွင့်လင်းရာသီ ရောက်တာနဲ့ နော်ဘူဘောတောင်ကို လာကြပါပြီ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဆုတောင်းပြည့်တယ် ပြောကြလို့ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်တဲ့သူ များနေတာကို တွေ့ရပါတယ်ဟု နော်ဘူဘော ဆုတောင်းတောင်ကော်မတီ ဒုတိယအတွင်းရေးမှူး ဆရာအောင်ထူးက ပြောသည်။

 

သံတောင်ကြီး တောင်စခန်းမြို့သည် အများအားဖြင့် ဘွဲကရင်လူမျိုးများသာ နေထိုင်ကြသည်။ ရာသီဥတု အေးချမ်းသာယာပြီး လာရောက်လည်ပတ်သူများလည်း တောင်ပေါ်ရောက်သည်နှင့် စိတ်ချမ်းသာမှုကို ခံစားရကြောင်း သိရှိရသည်။

 

နော်လော်မူ(သံတောင်ကြီး)

 

dfwr