သံတောင်ကြီးတွင် (B&B) တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

သံတောင်ကြီး  ဇူလိုင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ခဲ့ရသော (Bed and Breakfast) တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေပွဲကို ယနေ့နံနက် နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသော (B&B) တည်းခိုခန်းများအား ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်မှာကြားထားသော တည်းခိုခန်းများတွင် ကောင်တာများကိုမှန်များဖြင့် စနစ်တကျကာရံထားရှိရန်၊ Hand gel များ ထားရှိရန်၊ တည်းခိုခန်းများရှေ့တွင် လက်ဆေးရေနှင့် ဆပ်ပြာများထားရှိရန်၊ တည်းခိုခန်းတွင် လာရောက် တည်းခိုမည့် ပြည်တွင်းပြည်ပ ဧည့်သည်များက ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း မိမိတို့နေထိုင်သည့်မြို့၊ ရပ်ကွက်များ၏ ထောက်ခံစာများ ယူဆောင်မှသာ တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉  ကြီးကြပ်မှု ကော်မတီဝင်များနှင့် Bed and Breakfast ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး ကျန်းမာရေးအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)