သရက်မြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

သရက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး  သရက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများမှ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီပျံကျဈေးနှင့် အနောက်ဂိတ်တို့တွင် ပျံကျဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ် မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားမျာ းဖြစ်ကြသော တိုင်းရင်းသားများနှင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ အသက် (၁၆) နှစ်ပြည့် (သို့) အသက် (၁၈) နှစ်ပြည့် လျှောက်ထားခြင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ (၅)ဦးကော်မတီ၊ အိမ်ထောင်စုလူဦးရေ စာရင်း စစ်ဆေးအတည်ပြုထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့်အချက် များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များနှင့် ပန်းခင်းစီမံချက်ကာလတွင် အသက်(၁၆)နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ဖူးခြင်း မရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် မြို့နယ်လဝကရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် ဆက်သွယ်ရမည့်  ဖုန်းနံပါတ်များပါဝင်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)