သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်မည်

ရန်ကုန်   ဇန်နဝါရီ   ၂၂

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေး ကော်မတီမှ ကြီးကြပ်စီစဉ်မှုဖြင့် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄)ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် ၃၉၂ - ၃၉၆ ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ သင်တန်းခန်းမတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၅ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းသို့ သတင်းမီဒီယာ အတွေ့အကြုံသက်တမ်း ၃ နှစ်ရှိသူများ တက်ရောက်နိုင်ပြီး သင်တန်း တက်ရောက်လိုသူများသည် ဇန်နဝါရီ ၂၇ ရက် နောက်ဆုံးထား၍ သတင်းမီဒီယာ ကျင့်ဝတ်ကော်မတီ Viber ဖုန်း - ၀၉၈၈၇၃၀၅၀၄၀ သို့ ကိုယ်ရေးရာဇဝင်မှတ်တမ်း၊ သက်ဆိုင်ရာ သတင်းဌာန အကြီးအကဲ၏ ထောက်ခံချက်နဲ့အတူ လျှေက်ထားနိုင်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အချိန်မီလျှောက်ထားသူကိုသာ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေး ကော်မတီ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံမှ သိရသည်။

မျိုးမင်းသူရ