သုံးခွမြို့နယ် ၂၀၂၀-၂၀၂၁ ခုနှစ် တတိယအကြိမ်တင်ဒါပိုက်ချက် ၆၆ ချက်အား အိပ်ဖွင့်တင်ဒါစနစ်ဖြင့်၌ ရောင်းချ

သုံးခွ   ဇွန်  ၂၅

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၀-၂၀၂၁ ခုနှစ် တတိယအကြိမ် တင်ဒါပိုက်ချက်များအား ဒေသခံရေလုပ်သားများသို့ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို ယနေ့နံနက်၁၀နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး  ဦးအေးနိုင်မှအဖွင့်အမှာစကား ပြောကြားပြီး သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်က တင်ဒါ စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်း ပြောကြားရာတွင် "တင်ဒါ၀ယ်ယူမည့် သူသည် အမှန်တကယ် ရေလုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ကြောင်း ထုတ်ပေးထားသည့်တင်ဒါလိုင်စင်နှင့် လုပ်ပိုင်ခွင့်သည် (၁)နှစ် အတွက်သာဖြစ်ပြီး ကျရောက်ဆဲ မြန်မာသက္ကရာဇ်နှစ်ကုန်အထိသာ တရား၀င်အတည်ဖြစ်ကြောင်း၊       တင်ဒါဆွဲ၀ယ်သူသည် တင်ဒါဆွဲ၀ယ်ရာတွင် ဆွဲ၀ယ်ခွင့်လက်မှတ် နှင့်နိုင်ငံသာစိစစ်ရေးကတ်ပြားကို ထုတ်ပေးမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

တင်ဒါပိုက်ချက်ရောင်းချရာတွင်ကျေးရွာအုပ်စု (၆၄)အုပ်စု ရှိသည့် အနက်(၂ )အုပ်စုနှင့် အမှတ် (၂)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊အမှတ်(၉)ရပ်ကွက်ရှိ ဒေသခံရေလုပ်သား(၆၆)ဦးတက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၆၆)ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်