သုံးခွမြို့နယ်တွင် စက်ရေတွင်းများနှင့် ရေကန်ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်ထားရှိမှုအား စစ်ဆေး 

သုံးခွ  ၈  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တူးဖော်ဆောင်ရွက်ခဲ့သော စက်ရေတွင်းများနှင့် ရေကန်ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်ထားရှိမှုများကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပင်လယ်ကမ်းနီး၊ မဟာမိတ်ကျေးရွာမှ နှစ်လက်မပိုက်၊ စက်ရေတွင်း၊ ရေစက်ရုံ၊ အုတ်ရေလှောင်ကန်၊ သာသာမြိုင်ကျေးရွာမှ လေးလက်မပိုက်၊ စက်ရေတွင်း၊ ရေစက်ရုံ၊ အုတ်ရေလှောင်ကန်နှင့်  ဇောတိကကျေးရွာတွင် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေလှောင်ကန်၊ ရန်ကြီးအောင်ကျေးရွာတွင် ရေကန်ခြံစည်း ရိုးကာရံခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီလှိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်မေဇင်ထွန်းနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရပ်မိရပ်ဖများ၊ ရေကော်မတီဝင်များနှင့်အတူ စံချိန်စံညွှန်းပြည့်မီခြင်း ရှိ၊ မရှိ အတိုင်းအတာ မှန်ကန်ခြင်း ရှိ၊ မရှိ စာရင်းဇယားနှင့် မြေပြင်ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။


ကိုကျော်(သုံးခွ)

 

mdn