သုံးခွမြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာတွေ့ရှိခဲ့ပါက ထားရှိရန် ပြည်သူ့ဆေးရုံ သံဃာဆောင် သန့်ရှင်းရေးပြုလုပ်

သုံးခွ ၂၇ မတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံတွင် COVID-19ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စောင့်ကြည့်လူနာတွေ့ရှိခဲ့ပါက ထားရှိရန် အဆိုပါဆေးရုံအတွင်းရှိ သံဃာဆောင်အား ယမန်နေ့က သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါ သံဃာဆောင်အား မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းပုံးများဖြင့် ပိုးသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)