Super Junior   ရဲ့ တေးသီချင်း U  ကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မည်

တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ Super Junior ပရိသတ်တွေအတွက် သတင်းကောင်း တစ်ခုကတော့ တစ်ချိန်က ကျော်ကြားခဲ့တဲ့ အဖွဲ့ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ U ရဲ့ တေးဗီဒီယိုကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ပြန်ခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၀၆ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ အဆိုပါတေးသီချင်းကို ပြန်လည်ဆန်းသစ်ကာ တေးဗီဒီယိုသစ်ကို ဇန်နဝါရီ ၁၃ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုထုတ်လွှင့်တာဟာ Remastering လို့ အမည်ရတဲ့ ပရောဂျက်တစ်ခုအဖြစ် ထုတ်လွှင့်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်ဟာ အက်စ်အမ်အင်တာတိန်းမန့်နဲ့ ယူကျုအကြား ပူးပေါင်းဖန်တီးမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်