သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်သင်တန်းကို Online မှ ဆွေးနွေးပို့ချ

ရန်ကုန် ၁ ဒီဇင်ဘာ

ပြန်ကြားရေး၀န်ကြီးဌာနနှင့် ပညာအင်စတီကျု Panna Institute တို့ ပူးပေါင်းပြီး ဂျာမန်ဖောင်ဒေးရှင်း ဖြစ်သည့် konrad adenauer stifung (KAS Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သည့် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်သင်တန်းကို နိုဝင်ဘာ ၃၀ ရက်နေ့၊ မွန်းလွဲ (၂) နာရီက  Online မှဆွေးနွေးပို့ချခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ  ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ပြန်ကြားရေး၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အရာထမ်း(၄၀) တက်ရောက်ကြကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှုများ၊ ပြည်သူ့ရေးရာမူဝါဒ ဖော်ဆောင်ပုံ၊ လည်ပတ်ပုံနှင့် စွမ်းဆောင်မှုညွှန်းကိန်းများ၊ သုတေသနနည်းနာ နိဿယခေါင်းစဉ်အောက်တွင် သုတေသနပုံစံများ၊ မေးခွန်းတည်ဆောက်ပုံများ၊ အချက်အလက်  စုဆောင်းပုံနှင့် သုံးသပ်အဖြေရှာပုံများ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဆက်သွယ်မှုပုံစံအမျိုးမျိုး၊ ဌာနတွင်း/ပြင် ဆက်ဆံရေးနည်းလမ်းများ၊  လူထုထင်မြင်ယူဆချက် အမျိုးမျိုးနှင့် သုံးသပ်ပုံ၊ မူဝါဒရေးဆွဲရာတွင် လူထုထင်မြင် ယူဆချက်ကို ထည့်သွင်းစဉ်းစားပုံများ၊   အင်တာနက်မှ တစ်ဆင့် ဒေတာလွှမ်းမိုးသည့် ခေတ်တွင် သတင်းအချက် အလက်များကို စီမံခန့်ခွဲခြင်း၊ အစိုးရစီမံကိန်းများအတွက် သတင်းအချက်အလက် စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး စီမံခန့်ခွဲမှု၊ အနာဂတ်အစိုးရနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစသည့် အကြောင်းအရာများကို Online မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - စန္ဒာမိုး(ပြန်/ဆက်)