နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)တွင် မီးဘေးလုံခြုံရေး ဟောပြောပြီး ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)တွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခုနစ်ဦး ထပ်မံတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဒီဇင်ဘာ ၁၇ ရက်က ခုတင်-၃၀ဝ ဆံ့ ဆေးရုံ အထူးကြတ်မတ် ကုသဆောင်တွင် အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား ဓာတ်ခွဲနမူနာများ ရယူပြီး Test Kit များဖြင့် စစ်ဆေးရာ စစ်ဆေးသူ ခြောက်ဦးအနက် သုံးဦးတွင်လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာများ၏ Contact များအား ဓာတ်ခွဲနမူနာ ရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့စစ်ဆေးထားသူ ၃၇ ဦးအနက် နှစ်ဦးတွင် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ဆက်စပ်သူ ၁၁ ဦးအနက် နှစ်ဦးတွင်လည်းကောင်း စုစုပေါင်း ကိုဗစ်-၁၉ရောဂါ Positive အဖြေထွက်ရှိသူ ခုနစ်ဦးရှိကြောင်း သိရ
ကျောက်ဖြူမြို့၌  မြန်မာအမျိုးသားလေကြောင်းဖြင့် လိုက်ပါကြမည့် ခရီးသည်များအား ကျန်းမာရေး စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါကြမည့် ခရီးသည်များကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယမန်နေ့ မွန်းလွဲ ၁ နာရီက အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်ဆောင်တွင် စစ်ဆေးပေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ
ကျောက်ဆည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင်အမှတ်(၉၂/၁) တောင်သူ ဦးအီစမန်၏ စိုက်ဧက ၁ ဒသမ ၆၁ ဧကတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဧရာမင်း မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၈၃ ဒသမ ၉၈ တင်း ထွက်ရှိကြောင်း သိရှိရ
မြန်မာကျောင်းသားများ အင်ဒိုနီးရှားတက္ကသိုလ်များတွင် ပညာသင်ဆုများ ရယူကာ ပညာသင်ကြားလျက်ရှိ

မိုးနဲမြို့၌ ဈေးရောင်းဈေးဝယ် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ဆောင်ရွက်