ကိုဗစ်ကာလမှာ မန္တလေးမြို့က ယက္ကန်းရုံအချို့ ယက္ကန်းစင်များ တစ်ဝက်စျေးနဲ့ ပြန်လည်ရောင်းချနေရ
ကိုဗစ်ကာလမှာ ဝယ်လိုအားမရှိသည့်အတွက် မန္တလေးမြို့က ယက္ကန်းရုံအချို့မှာ ယက္ကန်းစင်တွေကို တစ်ဝက်စျေးနဲ့ ပြန်လည်ရောင်းချမှုများရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး၊ အထည်အလိတ် လုပ်ငန်းရှင်းများအသင်း ဒုတိယဥက္ကဌ ဒေါ်မြင့်မြင့်သန်းက ပြောသည်။
သပိတ်ကျင်းမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု(၅)စုအား ရေလွတ်ရာသို့ ပြောင်းရွှေ့ရန်စီစဉ်ထားရှိ
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် သပိတ်ကျင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများ စတင်ဝင်ရောက်လာပြီး ရေဝင်အရပ်ရှိ နေထိုင်ရန်အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ထောင်စု(၅)စုအား ယာယီတဲများ ယမန်နေ့က ကြိုတင်ဆောက်လုပ်ပေးထားကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက် ထားရှိမှုများစစ်ဆေး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိမှုများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း ပွဲကြည့်စင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အသစ်ပြန်လည်တည်ဆောက်လျက်ရှိ
၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်ကတည်ဆောက်ခဲ့သော ချင်းပြည်နယ် ဟားခါး မြို့ဝမ္မသူးမောင်အားကစားကွင်း၏ ပွဲကြည့်စင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ ယနေ့ထိလုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း