ဓနုဖြူမြို့နယ်သို့ တရုတ်နိုင်ငံမှ နေရပ်ပြန် (၆)ဦး ပြန်လည်ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက် ၁၀နာရီခန့်က တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူ (၆) ဦး ရောက်ရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံတွင် Isolation Ward ဆောင်ရွက်ထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Isolation Ward ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း 
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီး

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ မေ  ၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ခြင်း

(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

မိုင်းယုမြို့ နမ့်ပန်းဒေသမှ Quarantine (၂၁)ရက်ပြုလုပ်ပြီးသော နေရပ်ပြန်ပြည်သူများအတွက် ကြိုတင်စီစဉ်ထားမှုများအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ Quarantine (၂၁)ရက် ပြုလုပ်ပြီးသောသော နေရပ်ပြန် ပြည်သူများအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ယနေ့ ညနေ ၃ နာရီက မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။