အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် (ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း)  အစီအစဉ် အင်းစိန်မြို့နယ်၌ ပြုလုပ်
စေတနာရှင်ပြည်သူများစုပေါင်းကာ အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းသည့် (ပြည်သူမှ ပြည်သူသို့မျှဝေခြင်း) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ကိုဗစ် - ၁၉ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့နိုင်ရန် ကမ္ဘောဇဘဏ်မှ ကျပ်သိန်း ၃၀၀၀ တန်ဖိုး ထပ်မံလှူဒါန်း

ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျောင်းသုံးစာအုပ်များ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယနေ့  နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing  ဖြင့် ချိတ်ဆက်ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်မှ ကျန်ရှိသည့် ရောဂါပိုးကူးစက်ခံ မိသားစုဝင်များကို မိခင်ဖြစ်သူ၏ဆန္ဒအရ ရန်ကုန်ဝေဘာဂီသို့ ပြောင်းရွှေ့ကုသမှုခံယူမည်
ပေါက်ခေါင်းမြို့နယ်တွင် ကျန်ရှိသည့် ရောဂါပိုးကူးစက်ခံ မိသားစုဝင်များကို မိခင်ဖြစ်သူ၏ဆန္ဒအရ ပြည်ဆေးရုံမှ ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူရန် ယနေ့(ဧပြီ ၈ ရက်)တွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး Transfer လုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ပညာရေးဝန်ကြီးဌာနကို Lock Down ချထားခြင်းမရှိ
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနကို Lock Down ချထားခြင်းမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့တွင် ပြောကြားသည်။
မိုင်းဖြတ်၌   အခြေခံစားသောက်ကုန် စျေးနှုန်းများကြီးမြင့်မှု မရှိစေရေး ကွင်းဆင်းအသိပညာပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် အချိန်ကာလတွင် အခြေခံစားသောက်ကုန် စျေးနှုန်းများကြီးမြင့်မှု မရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်ကုန်စည်စျေးနှုန်း တည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။