လားရှိုး၌ မှုခင်းကျဆင်းရေး ကွင်းဆင်းဟောပြော

မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် လားရှိုးမြို့တွင် လတ်တလောဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်၍ မြို့နယ်အတွင်း မှုခင်းကျဆင်းစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးနှင့် ကျေးရွာမီးလင်းကော်မတီဉက္ကဋ္ဌ ဉီးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ကျောက်ဆည်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၄၀၀လွှဲပြောင်းပေးအပ်
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေး၊ မီးလင်းရေး၊ လမ်းတံတားများ စသည်ဖြင့် လိုအပ်ချက်အပေါ်မူတည်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်
ဝန်းသိုမြို့၌ (2019-nCoV) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ(2019-nCoV)ဖြစ်ပွားမှုနှင့်ပတ်သက်၍ သိကောင်းစရာ များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအကြောင်း
မြို့နယ်လုံးဆိုင်ရာ လူထုအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်လုံးဆိုင်ရာ လူထုအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင်ပန်းခြံကွင်း၌ ကျင်းပ
မကွေးမြို့၌ ကိုးရီးယားစကားသင်တန်း(အခမဲ့)ဖွင့်မည်
မကွေးမြို့မှ ကျောင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အကျိုးရှိစေရန် ကိုရီးယား စကားပြော(အခြေခံ)သင်တန်းကို အောင်စေတနာရပ်ကွက်၊ သုခိတာလမ်းပေါ်ရှိ ရတနာသိဒ္ဓိစာသင်တိုက်၊ မေတ္တာစမ်းရေ ဓမ္မစကူးလ်တွင် ကုသိုလ်ဖြစ် အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း စီစဉ်သူ ဒေါ်ညိုဝင်းဖြူ ထံမှ သိရသည်။
သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့  မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းများဖြင့် နှစ်စဉ် အစဉ်အလာမပျက် လာရောက်ဖူးမြော်
မကွေးတိုင်းဒေသကြီးရှိ သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းဖြင့် နှစ်စဉ် ရှေးရိုးအစဉ်အလာမပျက် လာရောက် ဖူးမြော်လျက်ရှိရာ ယမန်နေ့က နွားလှည်းတန်း ၃၁ စီးဖြင့် လာရောက်ဖူးမြော်ကြကြောင်း သိရသည်။