ဆယ်လီနာဂိုမက်ဇ်ရဲ့ တေးအယ်လ်ဘမ်သစ် Rare
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆယ်လီနာဂိုမက်ဇ်က သူ့ရဲ့ တတိယမြောက် စတူရီယိုတေးအယ်လ်ဘမ် Rare ကို ဇန်နဝါရီ ၁၀ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်မှာ ပါဝင်နေတဲ့ တေးသီချင်းတွေရဲ့ စာသားတွေဟာ ဆယ်လီနာရဲ့ ခံစားချက်တွေဖြစ်ကြောင်းလည်း ပရိသတ်တွေက ထင်ကြေးပေးကြပါတယ်။
ပါ့ခ်ဘိုဂန်း၊ မင်းသမီး ပါ့ခ်ဆိုးဒမ်နဲ့ မင်းသားဗြောင်ဝူဆွတ်တို့ ရုပ်ရှင်သစ်တွင် တွဲဖက်ပါဝင်မည်
တောင်ကိုရီးယားမင်းသား ပါ့ခ်ဘိုဂန်း၊ မင်းသမီး ပါ့ခ်ဆိုးဒမ်နဲ့ မင်းသား ဗြောင်ဝူဆွတ်တို့ဟာ ဇာတ်လမ်းတွဲရုပ်ရှင်သစ်မှာ အတူ ပါဝင်သွားမှာဖြစ်ကြောင်း လတ်တလောမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
စံချိန်သစ်တင်လိုက်ပြန်တဲ့ BTS
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTSဟာလတ်တလောမှာ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ | DNA ဟာ လတ်တလောမှာ ကြည့်ရှုသူ သန်း ၉ဝဝ ပြည့်ခဲ့ပြီး ဒါဟာ အမျိုးသားကေပေါ့ပ်တေးဂီတအဖွဲ့တွေရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ သန်း ၉၀ဝ ပြည့်ခဲ့တဲ့ ပထမဆုံးသော တေးသီချင်းလည်းဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ကမ္ဘာ့မယ်စကြဝဠာသရဖူဆုရအိမ်ထောင်ရှင် အလှမယ် ဟန်နီ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ 
တရုတ်နိုင်ငံတွင် အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသော (၄၂)ကြိမ်မြောက် အိမ်ထောင်ရှင်အလှမယ် Mrs Universe 2019 ပြိုင်ပွဲကြီးတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် (၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မဟန်နီက ပြိုင်ပွဲ၏ အမြင့်ဆုံး  Mrs Universe 2019 Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr.Dylan Chow ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်
အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr.Dylan Chow သည် ရုပ်ရှင်ဇာတ်ညွှန်းဆိုင်ရာဆွေး နွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ်(၅၀)ရှိ
ဩစတြေးလျတောမီး ငြိမ်းသတ်နိုင်ရေး နီကိုးကစ်မန်းနှင့် ခင်ပွန်းတို့ ဒေါ်လာငါးသိန်းလှူဒါန်း
ဟောလိဝုဒ်ကြယ်ပွင့် နီကိုးကစ်မန်းနဲ့ ကန်းထရီးအဆိုတော် ကိတ်အာဘန် တို့ဟာ ဩစတြေးလျတောမီးအတွက် လှူဒါန်းမှုပြုလုပ်ကြတဲ့ အနုပညာရှင် စာရင်းထဲမှာ ဝင်သွားကြပါပြီ။ သူတို့ဇနီးမောင်နှံဟာ ဩစတြေးလျမှာ တောမီးငြိမ်းသတ်နိုင်ရေး ကြိုးပမ်းနေကြတဲ့ မီးသတ်သမားတွေကိုကူညီဖို့ ရန်ပုံငွေ လှူဒါန်းခဲ့ကြပါတယ်။