ဆိပ်ခံတံတားများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန် ဆောင်ရွက် 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ တံတားများ၌ တံတားအသုံးပြုသူများကြောင့် လူစုလူဝေး မဖြစ်စေရန်နှင့် တံတားအတက်အဆင်း စနစ်တကျဖြစ်စေရန်၊ တံတားအနီးတွင် ရပ်နားထားသော ဆိုင်ကယ်များနှင့် မော်တော်ကားများ စနစ်တကျဖြစ်စေရန် မေ ၂၂ ရက် နံနက်ပိုင်းက မြိတ်ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြသည်။
မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား မေ ၂၁ ရက်မှ စတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စေတနာ့ဝန်ထမ်းများအား စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ ကျင်းပသည်။
နေ့စဉ်မိုးလေဝသသတင်း
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
အစိုးရကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ