၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား (တတိယအကြိမ်) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီဘော လုံးပြိုင်ပွဲ (တတိယအကြိမ်) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။
လက်ရှိချန်ပီယံ ရန်ကုန်အသင်း အဝေးကွင်း၌ အနိုင်ရ
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံရန်ကုန်အသင်း အဝေးကွင်း၌ အနိုင်ရခဲ့သည်။
မုံရွာမြို့ ပြည်သူ့အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ယခုအခါတွင် (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်၏ ပြောကြားချက်အရ သိရသည်။
MFF Warrix Futsal  Cup 2019 (MDY) ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
MFF Warrix Futsal  Cup 2019 (MDY) ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိဘက်စုံသုံး အားကစားရုံတွင် ယနေ့ နံနက် ၈ နာရီ က ကျင်းပပြုလုပ်သည်။
ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မြန်မာအမျိုးသမီးအသင်း ထွက်ခွာ
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအကြို ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ထွက်ခွာသွားခဲ့သည်။
MNL တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲတွင် Southern နိုင်ပွဲရရှိ
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ Southern အသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
တိုက်စစ်မှူး လူကာကူအား အငှားဖြင့် ကနဦးခေါ်ယူရန် အင်တာမီလန်အသင်း ဆန္ဒရှိနေ
အီတလီ  စီးရီးအေကလပ်  အင်တာမီလန်အသင်းသည်    မန်ယူအသင်း  တိုက်စစ်မှူး လူကာကူအား  ယခုနွေရာသီ ဈေးကွက်ကာလအတွင်းတွင်  နှစ်ရာသီ  သက်တမ်းရှိ အငှားစာချုပ်ဖြင့် ခေါ်ယူကာ