ထားဝယ်၊ ကျေးသီး၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီတွင် ထားဝယ်မြို့၊ ဆန်းချီမြို့သစ်ရပ်ကွက်၊ ကမြောကင်းလမ်းရှိ စားသောက်ဆိုင်သို့ ရောက်ရှိလာသူ အောင်ဆက်ပိုင်(ခ)ဝက်ကြီးနှင့် ဇော်ဟိန်း(ခ)သားကြီးတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ နံနက် ၈ နာရီက  ကျေးသီးမြို့မစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့၊ ဟိုခိုရပ်ကွက်၊ ကျေးသီး-မိုင်းကိုင်သွား ကားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်မောင်းအားမတွေ့ရှိရဘဲ ငွေကျပ် ၅,၅၅၇ ဒသမ ၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၅၅,၇၅၀ ကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာနေ မအားစီး၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၁,၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၂၅ ကီလို၊ မြန်မာငွေကျပ် ၁၀၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား