ထီးချိုင့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များအား တူညီ၀တ်စုံများထောက်ပံ့

 

ထီးချိုင့်     ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စေတနာ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ အများအကျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်သူများ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုပါကြောင်း၊ ပြည်သူများ မီးဘေး၊ ရေဘေးကြုံတွေ့လာပါက တစ်သွေးတည်း တစ်သားတည်း စွမ်းရည်ပြည့်ဝတဲ့ စိတ်တွေနှင့် ကြိုးပမ်းဖော်ဆောင်ပေးစေလိုကြောင်း၊ မိမိတို့ မြို့နယ်အတွင်းချစ်ခင်စည်းလုံးမှုနှင့် ပေါင်းစပ်ဆောင်ရွက်ပြီး အများပြည်သူ့အကျိုးကို ဝိုင်းဝန်းဖော်ဆောင်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် တူညီဝတ်စုံများနှင့် (၂၅)နှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့ကြသော အရန်မီးသတ်တပ်ဖွဲ့၀င်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)