Thirty-Nine ရဲ့ ပိုစတာဓာတ်ပုံများ ထုတ်ဖော်ပြသ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဆန်းရယ်ဂျင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Thirty-Nine အတွက် ပိုစတာဓာတ်ပုံတွေကို လတ်တလောမှာ ထုတ်ဖော်ပြသ ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဆန်းရယ်ဂျင်ဟာ အဆိုပါ ဇာတ်လမ်းတွဲသစ်မှာ အဓိကအမျိုးသမီးဇာတ်ကောင်အဖြစ် ပါဝင်ထားပါ တယ်။ ယင်း ဇာတ်လမ်းတွဲဟာ အသက် ၄၀ ပြည့်တော့မယ့် အမျိုးသမီးသုံးဦးအကြောင်းကို ပုံဖော် ထားတာဖြစ်ပြီး Thirty-Nine လို့ ယာယီအမည်ပေးထားပါတယ်။ အဆိုပါဇာတ်လမ်းတွဲဟာ အထက်တန်း ဒုတိယနှစ်မှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းသုံးဦးရဲ့ သံယောဇဉ်ကိုလည်း ထည့်သွင်း ပုံဖော်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့တွေရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေနဲ့ အချစ်ရေးအကြောင်းအရာတွေကိုလည်း ထည့်သွင်း ဖန်တီးထားတယ်လို့ သိရပါတယ်။

Thirty-Nine မှာ ဆန်းရယ်ဂျင်ရဲ့ သူငယ်ချင်းတွေအဖြစ် မင်းသမီး ဂျွန်ကီဒိုနဲ့ ကင်ဂျီယွန်းတို့က တွဲဖက်ပါဝင်ထားပါတယ်။

လတ်တလောထုတ်ဖော်ပြသခဲ့တဲ့ ပိုစတာဓာတ်ပုံတွေမှာ ဆန်းရယ်ဂျင်ရဲ့ ဓာတ်ပုံအပြင် ဂျွန်မီဒိုနဲ့ ကင်ဂျီယွန်းတို့ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

အဆိုပါဇာတ်လမ်းတွဲကို JTBC ရုပ်သံလိုင်းက လာမယ့်ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ထုတ်လွှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်