ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ကွန်ကန်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူများအား ဒရုန်းလေယာဉ် အသုံးပြုဖမ်းဆီး

ဗန်ကောက် ၁၇  ဧပြီ

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကွန်ကန်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များက ဒရုန်းလေယာဉ်များအသုံးပြုပြီး ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၀၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။


နည်းပညာမြင့် ဒရုန်းလေယာဉ်များ အသုံးပြုပြီး လူစုလူဝေးများ ပြုလုပ်ခြင်း၊ မြင်ကွင်းချဲ့ထွင်ပြီး လူများ၏မျက်နှာများ၊ ကားနံပါတ်ပြားများအား ဖော်ထုတ်ခြင်းတို့ကို ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ ချမှတ်ထားသော ညမထွက်ရအမိန့်ကို အကောင်အထည် ဖော်ဆောင်သည့်အနေဖြင့် ဧပြီ ၃ ရက် မှစတင်ပြီး စစ်ဆေးရေးဂိတ် ၁၃ ခုကို ရဲတပ်ဖွဲ့ကဖွင့်လှစ်ခဲ့သည်။

 

အဆိုပါညမထွက်ရအမိန့်တွင် ပြည်သူများအား ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ကို ပိတ်ပင်ထားသည်။ တာဝန်ရှိသူများအနေဖြင့် ဒရုန်းမှ ဖမ်းယူရရှိသော ရုပ်ပုံများကို ကင်းလှည့်ရဲသို့ အကြောင်းကြားမည်ဖြစ်ပြီး ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များက အမိန့်ကို ချိုးဖောက်သူများအား သွားရောက်ဖမ်းဆီးမည် ဖြစ်သည်။ အမိန့်ချိုးဖောက်သူများသည် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ် ဘတ်ငွေ ၄၀၀၀၀ ချမှတ်ခံရမည် ဖြစ်သည်။

 

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇၀၀ ခန့်ရှိပြီး သေဆုံးသူ ၄၇ ဦးရှိကြောင်း သိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၁၆၈၉ ဦး ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ


ဘာသာပြန်- စိုးသူရ