ထိုင်းနိုင်ငံကို လာရောက်မယ့်သူတွေ ၇၂ နာရီအတွင်း ထုတ်ပေးထားတဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံနဲ့ ကျန်းမာရေးအာမခံချက်တွေ လိုအပ်မယ်

၂၀ မတ်

ထိုင်းနိုင်ငံကိုဝင်ရောက်မယ့် ထိုင်းနိုင်ငံသားရော နိုင်ငံခြားသားရောပါ  ၇၂ နာရီအတွင်း ထုတ်ပေးထားတဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံကို မတ် ၂၂ ရက်နေ့က စတင်ပြီး လိုအပ်မယ်လို့သိရပါတယ်။

 

နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်းကြောင်း ထောက်ခံနဲ့ ထိုင်းသံရုံးရဲ့ ထောက်ခံစာ သို့မဟုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ စာတစ်စောင် ပါရှိရန် မတ်လ ၂၂ ရက်နေ့ ကနေစပြီး လိုအပ်ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် ကျန်းမာရေးထောက်ခံချက်နဲ့အတူ အမရိကန် ဒေါ်လာ တစ်သိန်းတန် COVID 19 ကုသရန် ကျန်းမာရေး အာမခံစာရွက် လိုအပ်မယ်လို့ ဆိုပါတယ်။

 

ခရီးသည်ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မပါရှိခဲ့ရင် လေယာဉ်ပေါ်  တက်ခွင့် မရှိကြောင်း သိရပါတယ်။

MDN