ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာ၌ ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ်

ထန်တလန်  ၊  ၂၁    ဇန်နဝါရီ       

 

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းကို ဇန်နဝါရီ ၁၈ ရက်မှ ၃၁ ရက်အထိ ၁၄ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းသား ၃၀ သင်ကြားသွားမည်ဖြစ်သည်၊  အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို  ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု            အပိုဝင်ငွေရရှိစေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)