တာချီလိတ်နှင့် သီပေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၁၇   ဇန်နဝါရီ

 

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ တည်းခိုခန်းရှေ့တွင်တွေ့ရှိသည့် မသင်္ကာဖွယ် စက္ကူပုံးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉,၆၀ဝ  သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စု၊ ခိုလုံကျေးရွာအဝင်၊ သီပေါ-မိုင်းရယ် ကားလမ်းတွင် သိန်းဟန်(ခ)စိုင်းဟန် မောင်းနှင်ပြီး စိုင်းဝင်းမြတ်ဉီး(ခ)ဝင်းလူ(ခ)ဝီလ လိုက်ပါလာသည့် TOYOTA CROWN မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၉၈၂ ပြား၊ မြန်မာငွေကျပ် ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်