တာချီလိတ်နှင့် တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၈  နိုဝင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းကျေးရွာ၊ အမှတ်(ဆဆ/၇၀) အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်ရွက်(ခ) အိုက်ဆမ်နှင့် စိုင်းနန်ဝုန်းတို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၇၁ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် တောင်ကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗုဒ္ဓဂါယာလမ်း၊ အမှတ်(၅၀၆)နေ ညိုမင်းထွန်း(ခ) မိုးကောင်း၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၆၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)