တာမွေမြို့နယ်တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

mdn

ရန်ကုန်  ၂ ဇန်နဝါရီ   

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့်  ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။ 

 

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့အောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  ပြိုင်ပွဲအား ကျင်းပရာ မြို့နယ်အတွင်းရှိ အ.မ.က(၁၅)မှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

 

အဆိုပါပြိုင်ပွဲကို တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ အသိဉာဏ် ဗဟုသုတ ပြည့်စုံကြွယ်ဝစေရန်၊ အနာဂတ် မျိုးဆက်သစ် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ ကာယစွမ်းရည် ဉာဏစွမ်းရည် တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်  မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍  တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

မို့မို့အောင်(ပြန်/ဆက်)