တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်   ၂၅   ဇွန်    

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိနားလည်ပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ " အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာများတွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အချို့လူငယ်တွေအနေနဲ့ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အချက်အလက်များ၊ စာရေးဆရာ မုံရွာဝင်းဖေ ရေးသားသည့် " ကမ္ဘာ့ရန်သူဘိန်းဖြူ  " ခေါင်းစဉ်ဖြင့် ကဗျာနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)