တောင်ကြီးမြို့၌ မော်တော်ယာဉ် လေးစီးနှင့် ဆိုင်ကယ် တစ်စီးတိုက်မိ၊ ၅ ဦးဒဏ်ရာရ

နေပြည်တော် ၂၇  နိုဝင်ဘာ 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ နိုဝင်ဘာ ၂၅ ရက် ည ၉ နာရီ ၁၅ မိနစ်က မော်တော်ယာဉ် လေးစီးနှင့် ဆိုင်ကယ် တစ်စီး တိုက်မိခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိန်ပန်းရပ်ကွက်နေ သန်းဝင်း (၃၉) နှစ်သည် 8H/- - - - Micro Bus ယာဉ်ဖြင့် စပ်စံထွန်း ဆေးရုံဘက်မှ တောင်ကြီးမြို့မဈေးဘက်သို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မောင်းနှင်ပြီး ဂုဏ်ထူးဆောင်လမ်းသွယ်သို့ ချိုးကွေ့စဉ် လမ်းမတော်ရပ်ကွက်နေ ရန်နောင်စိုး (၂၄) နှစ် မောင်းနှင်ပြီး မနှင်းနုကိုပါ ၂ ဦး လိုက်ပါစီးနင်းလာသည့် CC/XXXX Mini Bus ယာဉ်၏ ရှေ့ဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိကာ ယာဘက်လမ်းဘေးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ် နှစ် စီးနှင့် ချမ်းမြသာစည်ရပ်ကွက်နေ ကျော်ဇော (၃၅) နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ထပ်မံဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် သန်းဝင်းပါ ၅ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သော ကြောင့် သန်းဝင်းအား တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား