တောင်ကိုရီးယား ကျောင်းသူ ကျောင်းသားတွေအတွက် အရေးကြီးဆုံး စာမေးပွဲ ဖြေဆိုနေစဉ် လေယာဉ် ခရီးစဉ်များပါ ရွှေ့ဆိုင်း

၁၄ နိုဝင်ဘာ

 

တောင်ကိုရီးယား နိုင်ငံမှာ ဒီကနေ့ (ကြာသပတေးနေ့) တွင် ကျင်းပတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သိန်းဂဏန်း အရေအတွက်ရှိ ကျောင်းသူကျောင်းသားတွေ ဝင်ရောက်ဖြေဆိုနေပါတယ်။

 

စာဖြေ ကျောင်းသူကျောင်သား ဆယ်ကျော်သက် အရွယ်တွေအတွက်  အခုစာမေးပွဲကနေ သူတို့ အနာဂတ်၊ ဝင်ငွေနဲ့ လက်ထပ်နိုင်မယ့် အရေးအထိ အဆုံးအဖြတ် ပေးနိုင်တဲ့  အထက်တန်းလွှာ အကောင်းဆုံး ကောလိပ်တွေမှာ တက်ရောက် သင်ကြားခွင့် ရရှိရေးကို အဆုံးအဖြတ် ပေးလာမှာ ဖြစ်ပါတယ်။

 

စာဖြေ ကျောင်းသူ ကျောင်းသား ၅၅၀,၀၀၀ ဦး ဖြေဆိုမယ့် ကျောင်းတွေကို အချိန်မီ ရောက်ရှိနိုင်ရေးအတွက် အစိုးရရုံးတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုးလ်စတော့ ဈေးကွက်အထိ ပုံမှန် ဖွင့်ချိန်ထက် တစ်နာရီ နောက်ကျပြီး ဖွင့်တာကို တွေ့ရပါတယ်။

 

ရဲကားတွေ၊ ရဲဆိုင်ကယ်တွေကလည်း အသင့်အနေထားတဲ့ စာမေးပွဲဖြေမယ့် ကျောင်းသားတွေ သက်ဆိုင်ရာ ကျောင်းတွေကို အချိန်မီ ရောက်ရှိအတွက် ကူညီနိုင်ရန် ပြင်ဆင်ထားပါတယ်။ စာမေးပွဲ လက်ခံကျင်းပမယ့် ကျောင်းအရေအတွက်ဟာ ၁,၁၈၅ ကျောင်း ရှိပါတယ်။

 

ကျောင်းသူနဲ့ ကျောင်းသားဆိုပြီး သီးခြားဖြေရပါတယ်။  စာဖြေသူတွေကို အနှောင့်အယှက် မဖြစ်စေရေးကို ပြင်ဆင်ထားပါတယ်။ အင်္ဂလိပ်ဘာသာ listening test ဖြေဆိုချိန် ၃၅ မိနစ်အတွင်း တောင်ကိုရီးယား လေဆိပ်တွေမှာ လေယာဉ်တွေဟာ အမြင့်ပေ ၉၈၀၀ ပေ အထိမှာ ရောက်ရှိရန် လိုအပ်ပါတယ်။ အဲဒီအတွက် နိုင်ငံခြား ခရီးစဉ် ၄၀ အပါအဝင် လေယာဉ် ခရီးစဉ်ပေါင်း ၁၅၈ ခုရဲ့ လေယာဉ်ချိန်ကို ရွှေ့ဆိုင်းထားပါတယ်။

 

ကြောက်လန့်နေတဲ့ စာဖြေမယ့် ကျောင်းသူ ကျောင်းသားတွေအတွက် ဆုတောင်းနေတဲ့ မိဘတွေနဲ့ ပိုစတာများ ကိုင်ဆောင်ပြီး အားပေးနေတဲ့ လူငယ်တွေကိုပါ ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP