တောင်ကိုရီးယား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၈၉၆ ဦး ထပ်မံတွေ့ရှိ 

ဆိုးလ် ဇွန် ၂၈

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၈၉၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၈၃၃၉၃၁၉ ဦးရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များက ယနေ့ပြောကြားသည်။

 

တောင်ကိုရီးယား၌ တစ်ရက်အတွင်း စစ်ဆေးတွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များအနက် ၁၁၉ ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လာသူများဖြစ်ကြသည်။ လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ပြန်လာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၄၇၉၉ ဦး ရှိလာကြောင်း သိရသည်။

 

လတ်တလောအချိန်တွင် တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါဖြင့်အဖျားကြီးသူ ၆၂ ဦးရှိပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ကြည့်ပါက အဖျားပြင်းသောလူနာခြောက်ဦး လျော့နည်းလာကြောင်း သိရသည်။

 

ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာငါးဦး ထပ်မံ သေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၂၄၅၃၀ ရှိလာသည်။ တောင်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လက်ရှိသေဆုံးမှုနှုန်းမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အားလုံး၏  ၀ ဒသမ ၁၃ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ