တောင်ကိုရီးယားသမ္မတဟောင်း အယူခံရှုံးနိမ့်ပြီး ထောင်ဒဏ်ကျခံရ

၁၉ ဖေဖော်ဝါရီ

တောင်ကိုရီးယားသမ္မတဟောင်း လီမြှောင်ဘက်ခ် အယူခံရှုံးနိမ့်ပြီး လဘ်ပေးလဘ်ယူမှုနဲ့ အလွဲသုံးစားမှုတွေကြောင့် ထောင်ဒဏ် ၁၇ နှစ် ကျခံရန် ဒီနေ့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

မစ္စတာလီဟာ သမ္မတတာဝန်ကို၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အတွင်း ထမ်းဆောင်ခဲ့ပါတယ်။ မစ္စတာလီအား ထောင်ဒဏ် ၁၅ နှစ်နဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း ဒဏ်ကြေးပေးဆောင်စေရန် ၂၀၁၈ ခုနှစ်အတွင်းမှာ ချမှတ်ခဲ့ပါတယ်။ မစ္စတာလီက ထောင်ဒဏ်လျော့ပေါ့ပေးရန် အယူခံနေစဉ်အတွင်းမှာ အာမခံရခဲ့ပါတယ်။ 

သမ္မတတာဝန်ထမ်းဆောင်စဉ်မှာ ဆမ်ဆောင်းလျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီက အခွန်ရှောင်ရန် အမေရိကန်ဒေါ်လာ ၁၀ သန်းကို လာဘ်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ 

ဆိုးလ်မြို့က ဗဟိုတရားရုံးကနေ သမ္မတဟောင်းကို ဒီနေ့ (ဗုဒ္ဓဟူးနေ့)မှာ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ 

လီမြှောင်ဘက်ခ်နေရာကို ဆက်ခံသူ သမ္မတဟောင်း ပက်ဂွမ်ဟင်းဟာလည်း လဘ်စားမှုနဲ့ အာဏာအလွဲသုံးစားမှုအတွက် ထောင်ဒဏ် ၃၂ နှစ်ကျခံနေရတာဖြစ်ပါတယ်။ 

MDN
ကိုးကား- AFP