တောင်ကုတ်မြို့နယ်၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်

တောင်ကုတ်   ၂၇  မေ

 

တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးလယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး SGA မျိုးသန့်စံပြရွာရှိ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ က အဖွင့်အမှာစကား ပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်း မှ မျိုးစေ့ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားကာ ကျေးရွာအုပ်စု ၄ အုပ်စုရှိ SGA မျိုးသန့်စံပြရွာ မျိုးစေ့ထုတ်တောင်သူများအား မိုးစပါးအချိန်မီ ပျိုးထောင်စိုက်ပျိုးနိုင်ရေးအတွက် ဆင်းသွယ်လတ် စပ်မျိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၅၀) ဧကအတွက် မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)