တောင်ငူနှင့် ကျောက်တံခါးမြို့နယ် သမဝါယမကဏ္ဍမှဒုတိယအကြိမ် ရေထွက်ကုန်ပစ္စည်းများ ရောင်းချဖြန့်ဖြူး

ပဲခူး၊  ၂၁  ဇန်နဝါရီ

                

ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုများနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဒုတိယကြိမ်အဖြစ် တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ် သမဝါယမအသင်းမှ ငါးမြစ်ချင်းပိဿာချိန် ၂၅၀ ကို တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၊ ငါးမုတ် ပိဿာချိန် ၇၉ ကို တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀၊ ငါးတန်ပိဿာချိန် ၁၃၂ ကို တစ်ပိဿာလျှင် ၃၂၀၀ နှုန်းဖြင့်လည်းကောင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကန်သာယာ ငါးကုန်ထုတ်သမဝါယမအသင်းမှ ငါးမြစ်ချင်းပိဿာချိန် ၆၄ ကို တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း ငါးမျိုးစုံကို စားသုံးသူအသင်းသားပြည်သူများ ဈေးနှုန်းချိုသာစွာ လွယ်လင့်တကူဝယ်ယူစားသုံးနိုင်ရန် No Profit, No Loss ဟူသော သမဝါယမမူအတိုင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

 

MDN