တောင်သာမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲပြုလုပ်

articles_advs

တောင်သာ ၁၂ ဒီဇင်ဘာ

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် တရားရင်ဆိုင် ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား တောင်သာမြို့ ပြည်သူလူထုများက အားပေးထောက်ခံပွဲကို ယနေ့နံနက် ၉ နာရီက တောင်သာချောင်း တံတားအနီး ဗိုလ်ချုပ်ရုပ်ထုရှေ့ စုရပ်မှ စတင်ကာ စီတန်းလှည့်လည်ခဲ့ကြပြီး နာရီစင်အနီး မြို့တော်ခန်းမရှေ့တွင် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

​​​​mdn

 

အဆိုပါ ထောက်ခံပွဲတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၂၅၀၀ ခန့်ပါဝင်ခဲ့ကြပြီး ဗိုလ်ချုပ်ရုပ်ထုရှေ့မှ မြင်းခြံ-မိတ္ထီလာ မော်တော်ကားလမ်းအတိုင်း WE STAND WITH DAW AUNG SAN SUU KYI၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည် ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်ပြီး မြို့တော်ခန်းမရှေ့အထိ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

 

mdn