တောင်သူဦးကြီးများအတွက် ဒစ်ဂျစ်တယ်နည်းပညာ

 

နန်းထက်ထက်ချစ်

မြန်မာ့စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးမွေးမြူသူများနှင့်ငွေကြေးအရင်းအနှီးမြှုပ်နှံပြီး စီးပွားဖြစ် စိုက်ပျိုးမွေးမြူကြသူများဟူ၍နှစ်မျိုး ခွဲခြားနိုင်သည်။ အချိန်နှင့်ငွေကြေး ရင်းနှီးထားသည်နှင့် ကိုက်ညီ သည့် အမြတ်အစွန်းများ ပြန်လည်ရရှိစေရန် စိုက်ပျိုးမွေးမြူရေးသမားများသည် တိကျခိုင်မာ၍ ဈေးကွက်ဝင် သည့် ထုတ်ကုန်များကိုသာ စိုက်ပျိုးမွေးမြူရန် လိုလားလာကြသည်။ ၎င်းတို့ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ရှာဖွေ၍ ရရှိလာမည့်အမြတ်ကို ကြားပွဲစားများ၊ ကုန်သည်များထံ မပေးလိုကြတော့ပေ။

မြန်မာနိုင်ငံ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ကို လယ် ယာကဏ္ဍမှရရှိပြီး စုစုပေါင်လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအပေါ် မှီခိုအသက်မွေးနေကြရသည့်အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်မှာ အထူးလိုအပ်လှသည်။ နိုင်ငံတော်ကလည်း “၂၃၀ ပြည့်နှစ်တွင် မြန်မာ နိုင်ငံသည် စားနပ်ရိက္ခာနှင့် အာဟာရဓာတ် ပြည့်ဝ ဖူလုံပြီး အထွက်နှုန်းမြင့်မားကာ ရာသီဥတုဒဏ် ခံနိုင်စွမ်း ရှိသည့် စိုက်ပျိုးရေးကဏ္ဍမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကိုယှဉ်ပြိုင်ကာ ကျေးလက်နေလုပ်ကွက်ငယ်တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်” မျှော်မှန်းပြီး ဝါဒများ ချမှတ်ဆောင်ရွက်နေသည်။

စားသုံးသူများသည် အရည်အသွေးမြင့် စားသောက် ကုန်များကို ပိုမိုလိုအပ်လာသော်လည်း ကိုဗစ်-၁၉ကမ္ဘာ ကပ်ရောဂါဆိုးကြောင့် အလုပ်သမား လိုအပ်ချက်များ ဖြစ်ပေါ်နေသည်။ ကမ္ဘာ့ကပ်ရောဂါဆိုး မည်သို့ပင် ဖြစ်ပွား နေစေကာမူ တောင်သူများမှာ ရာသီအလိုက် စိုက်ပျိုးမွေးမြူနေကြရသည့်အတွက် ထွက်ရှိလာသည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များကို ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရန်လိုအပ်နေသည်။ ထိုသို့လိုအပ်လာသည့်ကြောင်းအရာအားလုံးကို ဖြေရှင်းနိုင်ရေးတွင် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ၏ ပံ့ပိုးကူညီမှုကို လိုအပ်လာ ပေတော့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းခြင်း

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သမားရိုးကျ ရောင်းချနေခဲ့ရမှ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့်ရောင်းချခြင်း၊ ဖောက်သည်များနှင့် ဆက်သွယ်ခြင်းများ စသည်တို့ကို ပြုလုပ်လာကြသည်။ ဒစ်ဂျစ်တယ်နည်းပညာသုံး လယ်ယာထွက်ကုန် ဈေးကွက်အနေဖြင့်လည်း ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ် အတွင်း အမေရိကန်ဒေါ်လာ ၅ သမ ၆ ဘီလီယံနှင့် ၂၀၂၁ ခုနှစ်အတွင်း ၆ ဒသမ၂ ဘီလီယံအထိ ရရှိမည်ဟု ခန့်မှန်းထားကြသည်။

ယခင်က သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီများတွင် ကြော်နေခဲ့ရာမှ ယနေ့ဆော်တွင် Social Media နှင့် Digital Marketing နည်းပညာကို သုံးချ၍ ဖေ့ဘွတ်လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် ပြောင်းလဲ

ကြော်ငြာလာကြသည်။ ကမ္ဘာတစ်ဝန်းရှိကုန်စည်ပြပွဲများ၊ အစည်းအဝေးပွဲများကိုလည်း အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲ ကျင်လာကြသည်။ ယခင်နည်လမ်းဟောင်းများအပြင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချသဖြင့် ပိုမိုကြီးမားသည့် ဈေးကွက်များကို ရရှိလာကြသည်မှာ အတုယူဖွယ်ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းဖြင့်

(၁) မိမိတို့၏ထုတ်ကုန်များကို (အဓိကအားဖြင့်) ပြည်တွင်းစားသုံးသူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ခြင်း။ ၂၄ နာရီပတ်လုံး ရောင်းသူဝယ်သူတိုက်ရိုက် စနစ်ဖြင့် အလွယ်တကူရောင်းချနိုင်ခြင်း၊

(၂) Social Media သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းမတူညီသောဒေသများက တစ်ကြိမ်တစ်ခါမှ မတွေ့မဆုံဖူးသူများနှင့် ဆက်သွယ် မိတ်ဆွေဖွဲ့နိုင်ခြင်း။

(၃) ဖုန်းတစ်လုံးရှိရုံမျှဖြင့် လူမှုအဖွဲ့အစည်းများ တည်ထောင်နိုင်လာပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွေ့အကြုံများကို ဖလှယ်လာနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

ဆိုရှယ်မီဒီယာပလက်ဖောင်း (Social Media Platformsopgdoos)များဖြစ်ငည့် Facebook, Twitter, Googlet +, Linkedin, YouTube, Pinterest စငည်ဖြင့် များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သည့် Faebook နှင့်ဆက်စပ်သော Digital Marketing နည်းပညာ အခြေခံသဘောတရားများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိရှိလည်ထားရန်လိုအပ်သည်။ Facebook လူမှုကွန်ရက်တွင် လစဉ် သုံးစွဲသူပေါင်း ၁ ဒသမ၁၉ဘီလီယံကျော်ရှိနေပြီး နေ့စဉ်လှုပ်ရှားမှုပေါင်း ၇၂၈ သန်းရှိသည်။ စစ်တမ်းများအရ အရွယ်ရောက်ပြီးသူ ၇၂ရာခိုင်နှုန်းသည်လူမှုကွန်ရက်များကို အသုံးပြုနေကြပြီး Faebook ပေါ်တွင် လစဉ် ဓာတ်ပုံ ဘီလီယံ တင်နေကြောင်း သိရသည်။

Facebook တွင် Personal Account, Facebook Group, Facebook Page ဟူ၍ သုံးမျိုးရှိသည်။ Personal Account (မိမိ၏ ကိုယ်ပိုင်အကောင့်တွင် ဈေးရောင်းခြင်းထက် Facebook Group နှင့် Facebook Page တို့တွင် ဈေးရောင်းခြင်းတို့က လူများများ ပိုမိုသိရှိစေနိုင်သည်။ Personal Account များတွင် မိတ်ဆွေ ၅၀၀၀ အထိသာ လက်ခံနိုင်ပြီး Page များတွင်မူ လူဦးရေအကန့်အသတ်မရှိ လက်ခံနိုင်သည်။ ၎င်းအပြင် Personal Account သည် Report တင်ခြင်းခံရပါက အလွယ်တကူပျက်သွားနိုင်ပြီး Page သည် အလွယ်တကူ ပျက်နိုင်ပေ။ ထို့အပြင် Page များမှတစ်ဆင့်ရောင်းချသော မိမိတို့၏ ကုန်ပစ္စည်းများကို လူသိများစေရန် ငွေသုံး၍ Boost လုပ်ပြီး ကြော်ငြာနိုင်သည်။

Facebook Group ကိုမူ အတွေးအခေါ် အယူအဆ တူညီသူများ ရည်မှန်းချက်၊ ရည်ရွယ်ချက် တူညီသူများ စုဖွဲ့ရာတွင် အသုံးပြုနိုင်သည်။ မတူညီသည့်သေများရှိ စိုက်ပျိုးမွေးမြူသူများက Facebook Group ကို အသုံး ပြု၍ ဈေးကွက်ချိတ်ဆက်ရောင်းချနိုင်ခြင်း၊ ဖိုင်များမျှဝေခြင်း စသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

Facebook သုံး၍ ဈေးရောင်းရန် ပြင်ဆင်နည်း

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပေါ် စိတ်ပါဝင်စားမှုရှိသည့် လူအများကို ဦးတည်ပြီး မိမိ၏ခြံ၊ မိမိမွေးမြူထားသည့်တိရစ္ဆာန်များ၊ စိုက်ပျိုးသီးနှံများ စသည်တို့၏ အကြောင်းကို စိတ်ဝင်စားဖွယ် content (စာသား)များ၊ ဓာတ်ပုံများဖြင့်တွဲ၍ ရေးသားဖော်ပြပေးခြင်းသည် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။

အောက်ပါလွယ်ကူ ရိုးရှင်းသော နည်းလမ်းများဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဈေးကွက်သစ်တစ်ခု စတင် မည်ဆိုပါက-

(၁) မိမိကိုယ်ပိုင် စိုက်ပျိုးမွေးမြူရေးခြံ) လယ်ယာမြေ၏ဓာတ်ပုံများကိုသာ သုံးစွဲပါ။

(၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သော ဗဟုသုတများကို မိမိသိသလောက် မျှဝေပါ။

(၃) စိုက်ပျိုးရေး၊ မွေးမြူရေးအကြောင်များကို တင်ပေးနေသည့် အခြား Facebook Page နှင့် Groupများကို အချိန်ပေးပြီး ဝင်ရောက်လေ့လာပါ။

(၄) မိမိခြံထွက် သီးနှံများ/ ကြက်ဥ စသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဝယ်ချင်သူများ ရှိလာပါက အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန်နှင့် မေးမြန်းလာ သည်များကို အချိန်တိုအတွင်း ပြန်လည်ဖြေကြားနိုင်အောင် ပြင်ဆင်ထားပါ။

(၅) စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လှုပ်ရှားမှုများကို ဖုန်းဖြင့်ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားပြီး မိနစ်အနည်းငယ်စာ)တင်ပါ။

(၆) မိမိခြံကို စိုက်ပျိုးရေးနှင့်ဆိုင်သော ခရီးသွားနေရာတစ်ခုကဲ့သို့ အများသိရှိအောင် ကြော်ငြာပါ။

ဖေ့စ်ဘွတ်တွင် ကျင်းပနေသည့် ဆွေးနွေးပွဲများကို တက်ရောက်ခြင်း

စိုက်ပျိုးရေး အဖွဲ့အစည်းအချို့က Google နှင့် Zom Appကို အသုံးပြု၍ကျင်းပနေသည့် အွန်လိုင်းဆွေးနွေးပွဲ များကို တောင်သူများအနေဖြင့် အချိန်ပေးတက်ရောက်သင့်သည်။ မိမိဒေသတွင် ဖုန်းနှင့်အင်တာနက်လိုင်းရှိရုံမျှ ဖြင့် လူမပင်ပန်းဘဲ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာ ဗဟုသုတများစွာကို ရရှိစေနိုင်သည်။

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မိုဘိုင်းဖုန်းဆော့ဝဲလ်များကို သုံးပြုခြင်း

မိုဘိုင်းဖုန်းဆော့ဝဲလ်များကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ မိုးလေသ၊ အထွေထွေဗဟုသုတ၊ သတင်းနှင့် သီးနှံ ဈေးနှုန်းများ စသည်တို့ကို သိရှိနိုင်ရန် စိုက်ပျိုးမွေးမြူရေး လုပ်နေသူအချို့က စိတ်ပါဝင်စားစွာ အသုံးပြုလာကြ သည်ကို တွေ့ရှိရသည်။ မြန်မာ့စိုက်ပျိုးမွေးမြူရေး လောကတွင် လက်ရှိ ထင်ရှားနေသော Green Way (အစိမ်းရောင်လမ်း) Htwet Toe(ထွက်တိုး)၊ Golden Paddy(ရွှေသီးနှံ)၊ ThuTaMy (သုတမြေ)စသည့် Mobile App အမျိုးမျိုး ပေါ်ထွက်လျက်ရှိပြီး တောင်သူအများစု အသုံးပြုတတ်စေရန် နည်းပညာ၊ အသိပညာများ ပေးနေ ကြပြီဖြစ်သည်။

ထို့အပြင် အချို့ App များတွင် စိုက်ပျိုးမွေးမြူရေး နည်းပညာများကို လေ့လာနိုင်ရုံသာမက တောင်သူများ လိုလားတောင့်တနေသည့် ဈေးကွက်ချိတ်ဆက် ရောင်းချခြင်းများကိုပါ လုပ်ဆောင်နိုင်လာပြီဖြစ်သဖြင့် Mobile  App များ အသုံးပြုခြင်း အလေ့အထကိုလည်း တောင်သူ များအနေဖြင့် လေ့လာသင်ယူသင့်ပါသည်။

ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံး ပြင်ပတွင် ထိတွေ့၊ တွေ့မြင်စရာမလိုဘဲ အင်တာနက်ကွန်ရက်ကို သုံးပြီး တွေ့ဆုံနိုင်၍ အရောင်းဆယ်ပြုလုပ်နိုင်သည့် ကုန်စည် ရောင်းဝယ်မှုစနစ်များထွန်းကားလာပြီဖြစ်သည်။ ဥပမာ - Green Way App ထဲတွင် ပါဝင်နေသည့် ဈေးတန်းကြီး (Market Place)တွင် စိုက်ပျိုးရေး သွင်းအားစုများကို လာရောက်ရောင်းချနေသည့် ဆိုင်များ၊ ကုမ္ပဏီများရှိပြီး မိမိကြိုက်နှစ်သက်ရာ သွင်းအားစုတစ်ခုခု တွေ့ပါက ပစ္စည်းရွေးချယ်ကာ ငွေပေးချေ၍ မိမိနေထိုင်ရာ သေ အရက် မှာယူနိုင်သည်ကို တွေ့ရှိရသည်။

Social Media ဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်းများ

ဆိုရှယ်မီဒီယာကို အသုံးပြုရာတွင် အဓိကအားဖြင့် လိုက်နာသင့်သည့်အချက်များ ရှိသည်။ ၎င်းတို့မှာ-

(၁) ပိုစတင်သည့် အရေးအသား၊ ဒီဇိုင်း၊ ဗီဒီယိုများကိုအပြုသဘောဆောင်သည့်အသုံးအနှုန်းများ ရွေးချယ်သုံးနှုန်းပြီး မိမိ၏ စီးပွားရေးနယ်ပယ်ကို ချဲ့ ထွင်ပါ။

(၂) သမားရိုးကျ လုပ်ရိုးလုပ်စဉ် ပုံစံဟောင်များမှ ခွဲထွက်ပြီးမတူကွဲပြား ဆန်းသစ်သည့် စိတ်ကူးများ ဖန်တီး

(၃) မိမိ၏ စိုက်ပျိုးမွေးမြူရေးနယ်ပယ်၊ မိမိဘဝ တည်ဆောက်နေထိုင်မှု ပုံစံများကိုစိတ်ဝင်စားဖွယ်ပြသပါ။

(၄) လုပ်ဆောင်ချက်တိုင်းတွင် ပွင့်လင်းမြင်သာနေပြီးရိုးသားမှုရှိပါစေ။

(၅) ဆိုရှယ်မီဒီယာပေါ်မှ အခြားသူတို့၏ ခံစားချက် အသံများ အတွေ့အကြုံများကို နားစွင့်နေရန် မမေ့ပါနှင့်။ ထိုအသံအမျိုးမျိုးကတစ်ဆင့် သင့်အတွက် အကျိုးရှိ စေသော အရာတစ်ခုခု ပြန်လည်ရရှိလာနိုင်ပါလိမ့်မည်။

တောင်သူလယ်သမားတို့၏ခံစားချက်များ၊ လိုအပ်ချက်များကို ဖော်ပြနိုင်ရေးတွင် သတင်းမီဒီယာများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ မီဒီယာများက သတင်းအချက်အလက်များ ဖော်ပြပေးနိုင်ခြင်းအားဖြင့် တောင်သူလယ်သမားများ လိုအပ်နေသည့် သတင်းနှင့် နည်းပညာများ ရရှိစေမည့်အပြင် ပြည်တွင်း ပြည်ပနှင့် လည်း ဆက်သွယ်လာနိုင်ပေမည်။ အကယ်၍ တောင်သူ များကိုယ်တိုင် အင်တာနက်စနစ်ကို ကောင်းစွာ နားလည် တတ်ကျွမ်းထားပါ သတင်းမီဒီယာများနှင့်လည်း အလွယ် တကူ ချိတ်ဆက်နိုင်လာမည်ဖြစ်သည်။ ထို့ကြောင့် ဆိုရှယ် မီဒီယာကို စနစ်တကျ အသုံးပြုခြင်းဖြင့် တောင်သူများ ကိုယ်တိုင် ဈေးကွက်အခွင့်အလမ်းများကို တိုက်ရိုက် ဖန်တီးနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။ ။

မြန်မာ့အလင်း