တီဘီရောဂါ အခမဲ့နယ်လှည့် ကွင်းဆင်းဆေးကုသပေး

မံစီ   ၁  ဒီဇင်ဘာ 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ  ဒေါက်တာမျိုးမြင့်အောင် ဦးဆောင်သည့် နယ်လှည့် အခမဲ့တီဘီရောဂါရှာဖွေ ကုသရေးအဖွဲ့ ဆေးကုသရေးလုပ်ငန်းများ လာရောက်ဆောင်ရွက်ခဲ့ကြသည်။

 

တီဘီသံသယလူနာများအား အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းနှင့် တီဘီရောဂါရှိသူများကို တီဘီဆေးဝါးများ ကုသပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဆေးကုသရေးလုပ်ငန်းများကို မံစီမြို့နယ်အတွင်း၌ ဒီဇင်ဘာ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟန်ထက်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ စီအူကျေးရွာ၊ နောင်ဟူးကျေးရွာ စသည့် ကျေးရွာများ၌ လှည့်လည် ကွင်းဆင်းကုသ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)