တီးတိန်မြို့နယ်တွင် မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ တောင်သူများ အပိုဝင်ငွေရရှိ

တီးတိန် ၂၂ ဖေဖော်ဝါရီ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဒေသအနေအထားနှင့် ကိုက်ညီသည့် မျောက်ငိုပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မျောက်ငိုသီးလှိုင်လှိုင် ပေါ်နေပြီ ဖြစ်၍ တောင်သူများ အပိုဝင်ငွေများ ရရှိကြောင်းသိရသည်။

"ကျွန်တော်တို့ မျောက်ငိုကို စီးပွားဖြစ်အောင်တော့မစိုက်နိုင်သေးပါဘူး တစ်ပိုင်တစ်နိုင်ပဲ စိုက်ပျိုးနိုင်တယ်။ အပိုဝင်ငွေလေးတော့ ရတာပေါ့"ဟု မျောက်ငိုစိုက်တောင်သူတစ်ဦးကပြောသည်။

 

‌ေ

 

မျောက်ငိုသီးများကို အပင်လိုက်သော်လည်းကောင်း၊ အသီးလိုက်သော်လည်းကောင်း လိုက်ကောက်ပြီး တမူးမြို့မှ နန်းဖာလုံဈေးသို့ သယ်ယူရောင်းချနေကြကြောင်း၊ ယခုတွင် ဈေးနှုန်းကျ၍ တစ်ခုလျှင် ကျပ် ၅၀ မှ ကျပ် ၁၀ဝ အကြားမှာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပေါက်ဈေးက တစ်ရက်နှင့်တစ်ရက်မတူကြောင်း၊ အတက် အကျရှိကြောင်း၊ မျောက်ငိုသီး လိုက်ကောက်သူ တစ်ဦးထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)