တီးတိန်၌ မဲရုံမှူး၊ဒု-မဲရုံမှူး ပညာပေးသင်တန်းဖွင့်

တီးတိန်     ၂၂  အောက်တိုဘာ    

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒု-မဲရုံမှူး များ ပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ပထမအသုတ်တွင် တက်ရောက်မည့် မဲရုံမှူး၊ဒု-မဲရုံမှူး စုစုပေါင်း(၁၀ဝ) တက်ရောက်သည်။ 

 

mdn

 

အဆိုပါ သင်တန်းတွင် သင်တန်းများ၏ ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံ ဗဟုသုတများအား ကိုယ်တိုင် အကဲဖြတ်ခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ မဲရုံဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းနှင့် မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ရှိသူများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များ ထုတ်ပြန်ခြင်း၊ စောင့်ကြည့်လေ့လာသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မဲရုံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ပုံစံဖြည့်သွင်းခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ် သရုပ်ပြခြင်း၊ ထုတ်ပိုးခြင်း လုပ်ငန်းစဉ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)