တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၃၇၇ ဦး ထပ်မံတွေ့ရှိ

ဇန်နဝါရီ  ၂၀

 

တိုကျိုမြို့တော်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၃၇၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ဖြစ်ပွားမှု စံချိန်တင်ခဲ့သည်။

 

ယမန်နှစ် ဩဂုတ်လက ရောဂါနေ့စဉ်ကူးစက်ဖြစ်ပွားမှု ၅၉၀၈ ဦးရှိရာမှ နေ့စဉ်ကူးစက်သူဦးရေ ၁၄၀၀ ကျော် ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။

 

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၈ ရက်နေ့က တိုကျိုမြို့တွင် ရောဂါကူးစက်ခံရသူ ၅၀၀၀ ကျော်ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်ရည်ရွယ်သည့် တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေအဖြစ်  ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ တိုကျိုမြို့တော်ရှိ စားသောက်ဆိုင်နှင့် ဘားဆိုင်များအား အလုပ်ချိန်လျှော့ချရန် မြို့တော်အစိုးရက ညွှန်ကြားထားသည်။

 

ဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံများကိုလက်ခံသော စားသောက်ဆိုင်နှင့်ဘားဆိုင်များသည် အရက်ရောင်းချခြင်းမရှိဘဲ မနက် ၅ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ရမည်။

 

အဆိုပါဆိုင်များသည် ၎င်းတို့ရောင်းချရသော ဝင်ငွေအပေါ်မူတည်၍ တစ်ရက်လျှင် ယန်း ၂၅၀၀၀မှ ၂၀၀၀၀၀ ပေးချေမည်ဖြစ်သည်။ စားပွဲတစ်လုံးလျှင် လူလေးဦးထိုင်ပြီးစားသောက်ရန် ကန့်သတ်ထားမည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို