တိုင်းဒေသကြီးနှင့် ပြည်နယ်၊ အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော်  ၁၆   ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၂၀ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းတွင် ကျင်းပသည်။

 

ယနေ့ပြိုင်ပွဲများအဖြစ် မာရသွန်(ကျား/မ)၊ သံပြားဝိုင်းပစ်(မ)၊ တန်းမြင့်ခုန်(မ)၊ သုံးဆင့်ခုန်(ကျား)၊ မီတာ(၁၅၀ဝ)(ကျား/မ)၊ သံလုံးပစ်(ကျား)၊ မီတာ၄၀ဝx¬၄ လက်ဆင့်ကမ်း (ကျား/မ)ပြိုင်ပွဲများ ကျင်းပသည်။

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲကျင်းပရာ အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ မှူးကိုဖေ(ကယား)၊ ဒုတိယသိမ့်သိမ့်သူ(စစ်ကိုင်း)၊ တတိယ ဂျေမီလီအေး(ကချင်)၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ မြတ်နိုးသူ(တနင်္သာရီ)၊ ဒုတိယ ဖြူပြာမြင့် (ဧရာဝတီ)၊ ပူးတွဲတတိယ ဝါဝါရွှေ(မကွေး)နှင့် ကြည်စမ်းဝေ(ရန်ကုန်)၊ အမျိုးသား သုံးဆင့် ခုန်ပြိုင်ပွဲတွင် ပထမဟိန်းထက်အောင်(မန္တလေး)၊ ဒုတိယ နိုင်ထက်ပိုင်(တနင်္သာရီ)၊ တတိယ သူရိန်ထွန်း(စစ်ကိုင်း)၊ အမျိုးသမီးမီတာ(၁၅၀ဝ) ပထမ ရူပါကျော်(ရှမ်း)၊ ဒုတိယ ထားသဉ္စာအေး(စစ်ကိုင်း)၊ တတိယမြဖူးငုံ(မန္တလေး)၊ အမျိုးသားမာရသွန် ပြိုင်ပွဲတွင်ပထမ မိုးဦး(မန္တလေး)၊ ဒုတိယလက်တီး(ရှမ်း)၊ တတိယဇင်မင်းထွန်း(စစ်ကိုင်း)၊ အမျိုးသမီး မာရသွန်ပြိုင်ပွဲတွင်ပထမ သဲသဲခိုင်(ပဲခူး)၊ ဒုတိယ မိုးအိဖြူ(တနင်္သာရီ)၊ တတိယ ဒေါရစ် (တနင်္သာရီ)၊အမျိူးသားမီတာ(၁၅၀ဝ)ပြိုင်ပွဲတွင် ပထမ ဇာနည်ထွန်း(မကွေး)၊ ဒုတိယ ကျော်ဆွေ(ပဲခူး)၊ တတိယ သန့်ဇင်စိုး(တနင်္သာရီ)၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ပထမ ထက်ဝေယံ(ရှမ်း)၊ ဒုတိယ စောမျိုးသက်ထွေး(ကရင်)၊ တတိယ ထက်ဝေယံ(စစ်ကိုင်း)၊ အမျိုးသမီးမီတာ ၄၀ဝx၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမတနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယ ရှမ်းပြည်နယ်အသင်း၊ အမျိုး သားမီတာ ၄၀ဝx၄ လက်ဆင့်ကမ်း ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ ရှမ်းပြည်နယ်အသင်း၊ တတိယ တနင်္သာရီတိုင်းဒေသကြီးအသင်း တို့အား ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ အမျိုးသမီးမီတာ(၃၀ဝ၀)တားဆီးကျော်ပြိုင်ပွဲတွင် သီတာဦး (မန္တလေး)၊အေးအေးမြို့ (မန္တလေး)၊ အမျိုးသားကြိုး တပ်သံလုံးပစ် ပြိုင်ပွဲတွင် စောဒီဇင်ဘာသိန်း (မကွေး) ၊ အမျိုးသမီးလှံတံပစ် ပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)၊ မေကျော့ရှင်း(စစ်ကိုင်း)(၄၀.၂၆)မီတာ၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ရာဇာဖြိုး (စစ်ကိုင်း) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းကလည်းကောင်း၊

 

ဆက်လက်၍ ရမှတ်(၉၂)မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းရရှိသွားသော တနင်္သာရီတိုင်းဒေသကြီး အသင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊

 

ဆက်လက်၍ ရမှတ်(၉၄)မှတ်ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းကလည်းကောင်း၊ ဆက်လက်၍ ရမှတ်(၁၆၁)မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသွားသော တနင်္သာရီတိုင်းဒေသကြီး အသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်