တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

နေပြည်တော် ၂၄ မတ်

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး မွန်၊ ရခိုင်၊ ရှမ်း၊ ‘၀’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)ဘာသာ အစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။

 

ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှစပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကယားဘာသာ အစီအစဉ်၊ ညနေ ၄ နာရီမှ ညနေ ၅ နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ညနေ ၅ နာရီမှ ည ၆ နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၆ နာရီမှ ၇ နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၇ နာရီမှ ၈ နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ည ၈ နာရီမှ ၉ နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ ည ၉ နာရီမှ ၁၁ နာရီအထိ မွန်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည် ဖြစ်သည်။

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား