တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိ

ရန်ကုန်  မေ  ၁၈

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်မှစတင်၍ ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက် ရှိရာ ယနေ့တွင်လည်း ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြသည်။

 

အဆိုပါ တက္ကသိုလ်များတွင် တက္ကသိုလ်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ရှိသူများပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခုနှင့် ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ် ၂၅ ခုတို့တွင် ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြားပို့ချက်လျက်ရှိကြောင်း သိရသည်။