တမူး ၂၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်စိုက်/မွေး အသက်မွေးမှု အတတ်သင်စခန်း၊ မြို့သစ်မြို့မှ အကျဉ်းထောင် တပ်သားတစ်ဦးသည် အကျဉ်းသားများ၏ စပါးရိတ်သိမ်းမှုကို ထိုင်၍စောင့်ကြည့်နေစဉ် မြေမညီ၍ ထိုင်ခုံလဲကျသွားသဖြင့် သေနတ်လွတ်မကျသွားစေရန် ဖမ်းဆုပ်လိုက်ရာ မောင်းခလုတ်အား ဆွဲမိသွားသဖြင့် ကျည်ပေါက်ထွက်သွားခဲ့သည်။
ကျည်ပေါက်ထွက်မှုကြောင့် လယ်ရိတ်သိမ်းနေသော ထောင်သားတစ်ဦးအား ထိမှန်သွားသဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျည်ပေါက်ထွက်သည့် အကျဉ်းထောင်တပ်သားအား တမူးမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
လူအောင်(ကသာ)