တန်ဆောင်မုန်းလပြည့်နေ့၌ ဧရာဝတီမြစ်တစ်ဘက်ကမ်း တန့်ကြည်တောင်စွယ်တော်ဘုရားတွင် ဘုရားဖူးများဖြင့် စည်ကား

ညောင်ဦး ၁၁ နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် တန်ဆောင် တိုင်ရုံးပိတ်ရက်ကာလ တန်ဆောင်မုန်းလပြည့်နေ့၌ ပြည်တွင်းခရီးသွားဧည့်သည်လာရောက်မှုများကာ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ တန့်ကြည်တောင်စွယ်တော်မြတ်စေတီသို့လည်း ဘုရားဖူး သွားရောက်သူများသောကြောင့် ဗူးဘုရားမြစ်ဆိပ်ရှိ စက်လှေအငှားလိုက်ပို့ဆောင်သူများအနေဖြင့် သာမန်အချိန်ထက် စက်လှေအခေါက်ရေပိုဆွဲရပြီး စက်လှေခလည်းပိုရသောကြောင့် အဆင်ပြေ နေကြကြောင်း သိရသည်။

 

သာမန်အချိန် စက်လှေငှားရမ်းခမှာ ကျပ်နှစ်သောင်းဖြစ်သော်လည်း တန်ဆောင်မုန်းလပြည့် နေ့တွင် ပြည်တွင်းခရီးသွားဧည့်သည် များပြားလွန်းသည့်အတွက် စက်လှေငှားရမ်းခ ငါးသောင်းကျပ်ထိ စက်လှေတစ်ခေါက်ဈေးရရှိကြောင်း ကျပ်သုံးသောင်းပိုရကြောင်း စက်လှေပိုင်ရှင် ဦးဉာဏ်ဝင်း မှ ရှင်းပြသည်။ ပွဲတော်ရက်များတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်ကြသည့် ခရီးသွားဘုရားဖူးဧည့်သည်များသည် မြစ်တဘက်ကမ်း တန့်ကြည်တောင်စွယ်တော်မြတ်စေတီသို့ သွားရောက်ဖူးမြော်ကြသူ များပြားသလို မြစ်အတွင်း စက်လှေအပျော်စီးကြသူများလည်း များပြားကာ မြစ်အတွင်းမှ ပုဂံရှေးဟောင်းဘုရားများ ကြည့်ရှုကြသူများပြားကြကြောင်း စက်လှေပိုင်ရှင်ဦးအောင်သူ မှှ ပြောပြသည်။

 

ကျွန်တော်တို့ ဗူးဘုရားမြစ်ဆိပ်မှာ စက်လှေ ၁၉၈ စီးရှိပြီး ပွဲတော်ကာလမဟုတ်သည့်ရက်များတွင် တစ်နေ့ တစ်ခေါက်သာပြေးဆွဲရကာ နှစ်ခေါက်ပြေးဆွဲရသည့် ရက်များရှိသလို တစ်ခေါက်သာပြေး ဆွဲရသည့်ရက်ကများကြောင်း တန်ဆောင်းမုန်းလပြည့်၊ သီတင်းကျွတ်လပြည့်လိုရက်များတွင် ပြည် တွင်းခရီးသွားဘုရားဖူးများပြားပြီး စက်လှေစီးသူများပြားခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ စက်လှေစီးသူများပြားကြကြောင်းသိရသည်။ စက်လှေစီးပြီး မြစ်တဘက်ကမ်းရောက်လျှင် တန့်ကြည် တောင်စွယ်တော်ဘုရားဖူးရန် ထပ်မံကားငှားရကာ ကားအသွားအပြန်ခရီးအတွက် စူပါကာစတန် တစ်စီး ၂၅၀၀၀ကျပ်ပေးရကြောင်း၊ အေဒီဗင်၊ လိုက်ထရပ်(က်)တစ်စီးလျှင် ကျပ် ၂၀၀၀၀ ပေးရကာ၊ ခွေးဘီလူး(ခေါ်)ဟိုက်ဂျက်တစ်စီး ကျပ် ၁၈၀၀၀ ပေးရကြောင်း တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း မြန်မာပြည်အရပ်ရပ်မှ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးရင်း လေ့လာရေးလာရောက်သည့် ခရီးသွားဘုရားဖူးများအနေဖြင့် မြစ်တဘက်ကမ်းမှ တန့်ကြည်တောင်စွယ်တော်မြတ်စေတီအား မရောက်ရောက်အောင်သွားဖူးဖို့ စိတ်ကူးခဲ့ခြင်းကြောင့် ရောက်အောင်သွားဖူးခဲ့ကြောင်း စက်လှေခ၊ ကားခမှာလည်း ယခုလိုဘုရားဖူးများသည့်ရက်တွင် စက်လှေခတိုးတောင်းသည်မှာ သဘာဝပင်ဖြစ်ကြောင်း ပုသိမ်မြို့မှလာရောက်သည့် မဝင်းအိဖြူက ပြောပြသည်။ စက်လှေမောင်းခမှာလည်း တစ်ခေါက်လျှင် သုံးထောင်ကျပ်ရရှိကာ အခေါက်ရေများလျှင်များသလို စက်လှေအငှားမောင်းသူများအတွက် တွက်ခြေကိုက်ကြောင်း စက်လှေမောင်းသူ ဦးဝင်းစိုးမှပြောပြ၍သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

န္ါတ